UKK Burmese Pride
-
No. 314 (A), U Wisaya Road, Kamaryut Tsp, Yangon Myanmar.
- +95 1 510 294
- Business hours: :
9:00 am to 6:00 pm
Report this business
Our Story
Every different nationality has its own culture and its own traditional costume. Its our generations’ responsibility to preserve and prolong this valuable tradition.
Our Timeline
Nov 16 2019 – UKK လုံချည်မှ MYEA Entrepreneur Award 2019 Finalist အဖြစ်ဝမ်းမြောက်စွာ လက်ခံရရှိခဲ့
ပြီးခဲ့သည့် ၁၆.၁၁.၂၀၁၉ (စနေနေ့)တွင် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ မြန်မာပြည်တဝှမ်းရှိ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို စုစည်းကာ Entrepreneurship 4.0 ပွဲကြီးကို ရန်ကုန်မြို့၊ Fortune Plaza တွင်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
Entrepreneurship 4.0 ပွဲကို မနက်ပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး ညနေပိုင်းတွင် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ သက်ဆိုင်ရာခေါင်းစဉ်အသီးသီးဖြင့် ဆုရရှိသူများကိုဆုပေးအပ်ခဲ့ရာ . . .
UKK လုံချည်မှ MYEA Entrepreneur Award 2019 Finalist အဖြစ်ဝမ်းမြောက်စွာ လက်ခံရရှိခဲ့သည့်ပုံရိပ်များကို လုံချည်ချစ်သူများကို ပီတိမျှဝေပေးလိုက်ရပါသည်။
မြန်မာ့ရိုးရာယက္ကန်းလုံချည်လုပ်ငန်း ပျောက်ပျက်မသွားအောင် ဆက်လက်ထိန်းသိမ်းလုပ်ဆောင်သွားရာမှာလည်း ခွန်အားတခုဖြစ်စေခဲ့ပြီးUKK လုံချည်ကို တစ်နှစ်တာအချိန်တိုလေးအတွင်းမှာ ယုံကြည်စွာအားပေးခဲ့ကြတဲ့ လုံချည်ချစ်သူများ နှင့် အဖွဲ့အစည်းများကို အစဉ်ကျေးဇူးတင်လျက်…
Dec 12 2019 – မြန်မာ-ထိုင်း ချစ်ကြည်ရေး “သံဃာတော်အပါး (၃၀,၀၀၀) ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီး”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာ-ထိုင်း ချစ်ကြည်ရေး “သံဃာတော်အပါး (၃၀,၀၀၀) ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီး” တွင် UKK လုံချည်မှ တတ်စွမ်းသမျှ ပါဝင်ခဲ့သော ဒါနကုသိုလ်ကို လုံချည်ချစ်သူများ သာဓုခေါ်နိုင်စေရန် ပြန်လည်မျှဝေလိုက်ရပါသည်။