Golden Power Technology
-
13th Street, Lanmadaw Yangon
- +95-1-22664, 210943
- Business hours: :
9:00 am to 5:30 pm every day
Report this business
Golden Power Technology Co., Ltd ကို ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ASUS Branded ပစ္စည်းများကို ၂၀၀၅ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ တရားဝင်ကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ဖြူးခဲ့သည်။ အဓိကတင်သွင်းသော Product များမှာ Motherboard, Graphic Card, DVD RW များ ၊ LCD Monitor များ ၊ Notebook နှင့် ဆက်စပ်ပစ္စည်းများဖြစ်သည်။
၂၀၀၈ ခုနှစ်တွင် ASUS Notebook Global Service Center ကို ASUSTeK Computer Inc. မှ အသိအမှတ်ပြုကျွမ်းကျင် Technician များနှင့် ဦးဆောင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၀၉ ခုနှစ်တွင်လည်း ASUS Local Service Center နှင့် Show Room ကို မန္တလေးမြို့၌ ဖွင့်လှစ်ကာ
ဝန်ဆောင်မှုများပေးလျက်ရှိပြီး Golden Power Technology ၏ ၂၀၁၁ ခုနှစ်အတွက် အထူးအစီအစဉ်တစ်ရပ်ပြုလုပ်ကာ ASUS သုံးစွဲသူများ အဆင်ပြေစွာ Service ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ASUS Global Service Center (ရန်ကုန်) နှင့် ASUS Local Service Center (မန္တလေး) တို့ကို တနင်္ဂနွေနေ့များတွင်သာမက အစိုးရ ပိတ်ရက်များတွင်ပါ ဝန်ဆောင်မှုပေးအပ်နေပြီဖြစ်သည်။
နယ်ဝေးရှိ သုံးစွဲသူများအဆင်ပြေလွယ်ကူစွာ ဝန်ဆောင်မှုရယူနိုင်စေရန် ရည်ရွယ်ကာ ASUS Local Service Center (မော်လမြိုင်) ကိုထပ်မံတိုးမြှင့်ဖွင့်လှစ်ကာ ဝန်ဆောင်မှုများပေးအပ်လျက်ရှိပါသည်။ ယခုအခါ ASUS Motherboard နှင့် Graphic Card များသည် မြန်မာနိုင်ငံတွင်
ဈေးကွက်အများဆုံးရရှိထားသော Brand အဖြစ်နေရာတစ်နေရာ ရရှိထားပြီးဖြစ်သည်။