လာမဲ့ ၂၀၁၄ခုနှစ်မှာ ချစ်သူနဲ့ လက်ထပ်တော့မယ်ဆိုတဲ့ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ၀ိုင်းစုခိုင်သိန်း နှင့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ သက်မွန်မြင့်

ရုပ်ရှင် သရုပ်ဆောင် အဆိုတော် ၀ိုင်းဆုခိုင်သိန်းတစ်ယောက် သူမရဲ့ ချစ်သူ ကို ဥက္ကာကြူနဲ့ လက် ထပ်တော့မယ်လို့ ပြောခဲ့သည်။၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၉ရက်မှာ မင်္ဂလာလက်မှတ် ရေးထိုးမည် ဖြစ်ပြီး ဖေဖော်ဝါရီ ၁၀ရက်မှာ မင်္ဂလာဦးဆွမ်းကျွေးပြုလုပ်မည် ဖြစ်သည်။ ဖေဖော်ဝါရီ ၁၄ ချစ်သူများ နေ့ နံနက်ပိုင်းမှာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ဘိသိက် မင်္ဂလာ အခမ်းအနား ကျင်းပမည် ဖြစ်ပြီး ညနေပိုင်းတွင် ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် ညစာစားပွဲကျင်းပမည်ဖြစ်ကြောင်း သိရ သည်။ သူမသည်သူမချစ်သူနှင့် ချစ်သူသက်တမ်း သုံးနှစ်ကျော်မှ လက်ထပ်ဖြစ်ကြောင်းလည်း သိရသည်။

ဆက်လက်ပြီး ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီသက်မွန်မြင့်ကလည်း ၂၀၁၄ ခုနှစ်တွင် မင်္ဂလာဆောင် မည် ဖြစ်ကြောင်း သူမ၏ facebook တွင် ချစ်သူနှင့် အတူတွဲရိုက်ထားသည့် ဓာတ်ပုံအချို့ကို တင်ခဲ့ သည်။ နောက်ပြီး “ချစ်တဲ့ ပရိသတ်ကို သက်မွန်တို့ ချစ်သူနှစ်ယောက်ပုံတင်ပေးလိုက်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ လက်ထပ်ကြဖို့လည်း ရည်ရွယ်ထားပါတယ်။ လက်ထပ်ပြီးရင်လည်း အနုပညာအလုပ်ကိုပဲ ဆက်ပြီးလုပ်သွားမှာပါ။ သက်မွန်ကို ဆက်ပြီး ချစ်ခင်စွာနဲ့ အားပေးကြပါနော်” ဟု ရေးထားသည်။ သက်မွန်၏ချစ်သူမှာ ဗိသုကာပညာရှင်တစ်ဦးဖြစ်ကြောင်း ရေးထားသည်ကိုလည်း တွေ့ရသည်။

Share this: