Taw Win Centre Shopping Mall

Report this business

တော်ဝင်စင်တာ သည် ရန်ကုန်မြို့တော်ရဲ့ စီးပွားရေး အချက်အချာ ကျတဲ့ နေရာမှာရှိပြီး မြို့နယ်ပေါင်း (၁၈) မြို့နယ်နှင့် ဆက်သွယ် သွားလာနိုင်တဲ့ နေရာမှာ တည်ရှိပါသည်။ Taw Win Centre ကြီးသည် စုစုပေါင်း အထပ် (၁၀) ထပ်ရှိပြီး မြေဧက (၂.၄၃) ပေါ်တွင် တည်ထောင် ထားရှိခြင်းဖြစ်ပါသည်။ ယခု အဆောက်အဦးကြီးအား Pile Foundation စနစ်နဲ့ တည်ဆောက် ထားခြင်း ဖြစ်ပါသည်။ ၄င်း အဆောက်အဦး မှာ အလွှာ (၁၁) လွှာရှိပြီး Shopping Centre နှင့် ရုံးခန်းများ တည်ရှိမည် ဖြစ်ပါသည်။ Car Parking အတွက်လည်း Basement -1၊ Basement -2 နှင့် level-4 တို့တွင် ရပ်နားနိုင်သည်။
အဆောက်အဦးအား ဓာတ်လှေကား (၈) စင်း၊ စက်လှေကား (၁၄) စင်း တပ်ဆင်ထားပြီး Cargo Lift (2) စင်းကိုလည်း Service Lift အဖြစ် တပ်ဆင်ပေးထားပါသည်။
Shopping Centre အနေဖြင့် Basement -1 တွင် Muditor Supermarket ၊ Kitchen ware Zone ၊ ဓါတ်ပုံဆိုင်များ၊ Beauty Spa ၊ ဆေးဆိုင် ၊ ပန်းအလှဆိုင်၊ စာရေးကိရိယာဆိုင်၊ စားသောက်ဆိုင်၊ ကဖီးဆိုင်၊ အအေးဆိုင် နှင့် အခြားစားသောက်ဆိုင်အမျိုးစုံပါရှိပါသည်။
Ground Floor တွင် စုံစမ်းရေးကောင်တာ၊ လက်ဝတ်ရတနာဆိုင်၊ အလှကုန်ဆိုင်၊ ပိုးထည်ဆိုင်များ၊ ဖိနပ်ဆိုင်များ၊ ရေမွှေးဆိုင်၊ ကဖီးဆိုင်၊ နာရီဆိုင်၊ မျက်မှန်ဆိုင်နှင့် Branded Fashion (MK/ Blazon/ Habitude) ကဲ့သို့ ဆိုင်ကြီးများလည်းပါရှိပါသည်။ ၄င်းအလွှာတွင် Mini Movie Theater (၃) ရုံလည်းပါရှိပါသည်။

Level-1 တွင် အမျိုးသား၊အမျိုးသမီး ဖက်ရှင်ဆိုင်များ၊ အထည်အလိပ်ဆိုင်များ၊ ဖိနပ်ဆိုင်များ၊ အိတ်ဆိုင်များ၊ Fancy ပစ္စည်းဆိုင်များနှင့် စားသောက်ဆိုင်များရှိသည့်အပြင် (Sq-ft ၈၀၀၀) ခန့်ရှိသော ကျယ်ပြန့်သည့် Promotion Area လည်းပါရှိပါသည်။

Level-2 တွင် Food Court၊ Beauty Spa ၊ ကလေး ကစားကွင်း၊ ကလေး ပစ္စည်း အရောင်းဆိုင်၊ ကလေး အ၀တ် အထည် ဆိုင်များ၊ ကလေး ဖိနပ် ဆိုင် အရောင်း ဆိုင်များ၊ အမျိုးသား၊ အမျိုးသမီး ဖက်ရှင် ဆိုင်များ၊ အထည် အလိပ် ဆိုင်များ၊ ဖိနပ် ဆိုင်များ၊ အိတ် ဆိုင်များ၊ ကော်ဖီ ဆိုင်နှင် Fancy ပစ္စည်း ဆိုင်များ ပါရှိ ပါသည်။

Level-3 တွင် ပရိဘောဂဆိုင်များ၊ အလှပြင်ဆိုင်၊ Electronic ဆိုင်များ၊ Computer ဆိုင်များ၊ Gas မီးဖိုအရောင်းဆိုင်၊ Decoration အလှဆင်ဆိုင်များနှင့် တိုက်ခန်း အရောင်းပြခန်းများလည်း ပါရှိပါသည်။ ဆိုင်ခန်းတွေကို Sq-ft 300 မှ Sq-ft 5000-Sq-ft-10000 ထိရှိပြီး ဆိုင်ခန်းငှားရမ်းသူ၏ လိုအပ်ချက်အရ အဆင်ပြေအောင် စီစဉ်ထားရှိပါတယ်။

Level – 5,6,7,8 တွေမှာသင်တန်းခန်းမ၊ Office Room, Meeting Room များပါရှိပါသည်။ level-7 တွင်ကြီးမားကျယ်ပြန့်ပြီး Sq-ft 18000 ကျော်ရှိသော Convention Hall လည်းထည့်သွင်းတည်ဆောက်ထားပါသည်။ ရုံးခန်းများကို လိုအပ်သလို ညှိနှိုင်း၍ ငှားရမ်းနိုင်ရန် စီစဉ်ထားရှိပါသည်။

ကုန်တိုက်အတွက် Basement (1) နှင့် (2) မှာ Car Parking စီစဉ် ထားရှိပြီး ရုံးခန်းများ အတွက် Level (4) မှာ Car Parking သီးသန့် စီစဉ် ထားရှိ ပါသည်။ Car Parking ကို ကားအစီး (၇၀၀) ကျော် ရပ်နား နိုင်အောင် စီမံ ဆောင်ရွက် ပေးထား ပါသည်။ ဆိုင်ခန်းနှင့် ရုံးခန်း တွေ အတွက် Car Parking တွေ ပြည့်စုံ လုံလောက်မှု ရှိအောင် စီစဉ် ဆောင်ရွက် ပေးထား ပါသည်။
ဆိုင်ခန်း ငှားရမ်းသူများ၊ ဈေးဝယ် လာသူများ အားလုံး တစ်ဦးနှင့် တစ်ဦး အဆင်ပြေ ချောမောအောင်၊ ဈေးဝယ် ချင်လာအောင် အခင်း အကျင်း ဖွဲ့စည်းပုံ တွေကိုလည်း အဖက်ဖက်က စီစဉ် ဆောင်ရွက် ထားရှိပါသည်။
ဒါကြောင့် Taw Win Centre ကြီးဟာ မြန်မာ ပြည်မှာ လည်း အကြီးမားဆုံးနှင့် အမျိုးအစား အစုံအလင် ရရှိနိုင်တဲ့ ပြည့်ပြည့်စုံစုံ ပါဝင်တဲ့ ပထမဆုံး တစ်ခုတည်းသော Shopping Centre အဆောက်အဦးကြီး ဖြစ်ပါသည်။

 

Share this:

Latest Review

  1. 3

    စားသောက်ဆိုင် တွေကစုံတယ် နော်

  2. 2

    I like Shopping this place