Google မျက်မှန်ဖြင့် မမြင်ကွယ်ရာထောင့်မှ ပစ်မှတ်များကိုစမတ်ရိုင်ဖယ်သေနတ်ဖြင့် ပစ်နိုင်
နည်းပညာမြင့်ပစ္စည်းများကယနေ့ခေတ်တွင် အပျော်တမ်းသက်သက် သုံးစွဲရန် အတွက်သာမကတော့ဘဲ အခြားနယ်ပယ်များတွင် လည်း လက်တွေ့ အသုံးချ နိုင် ပုံကို Google မျက်မှန်ကလက်တွေ့ သက်သေပြနိုင်ခဲ့ပြီဖြစ်သည်။
လူမမြင်ကွယ်ရာ ထောင့်ချိုးများစွာတွင် ရှိနေသောပစ်မှတ်များကို တိတိကျကျ ပစ်ခတ်နိုင်ရန် အမေရိက မှ Tracking Point အဖွဲ့ကစမတ်သေနတ်တွင် Google မျက်မှန်ကိုတပ်ဆင်ပေးလိုက်ခြင်းဖြစ်သည်။
ရိုင်ဖယ်တွင် တပ်ဆင်ထားသည့် ရုပ်သံအရည်အသွေးမြင့်မားသောကင်မရာများ၏ စွမ်းဆောင်ချက်ကြောင့် ယခုအခါ Google မျက်မှန်မှ မြင်ကွင်းများ ကို iPadပေါ်တွင် ကြည့်ရှုကာပစ်မှတ်မလွှဲပဲ တိုက်ပွဲဝင်နိုင်တော့မည် ဖြစ်သည်။
ပစ်မှတ်ကိုတိတိကျကျ ရှာဖွေနိုင်သည့် PGF လက်နက်များသည် လေတိုက်နှုန်းနှင့် လေဖိအားမှသည် မြေမျက်နှာသွင်ပြင် အနိမ့်အမြင့်ကိုပါ ထည့်သွင်း စဉ်းစားတွက်ချက် နိုင်သည်။ ထို့အပြင် စမတ်ဖုန်းမျက်နှာပြင်များတွင်ပင် မြင်ကွင်းကိုလိုသလိုချုံ့နိုင် ချဲ့ နိုင်ရုံမျမကရန်သူ၏ တည်နေရာကိုရှာဖွေရာတွင် လွန်စွာ အသုံးဝင်မည်ဖြစ်သည်။ ထို့ကြောင့်လည်းမမြင်ကွယ်ရာပေ ၃၆၀၀ အကွာမှ ရွေ့လျားနေသောပစ်မှတ်ကိုတစ်လက်မမျှ မလွှဲစေရန် အာမခံသည်ဟုဆိုသည်။