Yangon ICT Fair 2014 ( Computer & Mobile) ပြပွဲ

  • Business hours: :
    21 Mar 2014 - 23 Mar 2014
  • U Wisara Road, Sanchaung Yangon

Description

Yangon ICT Fair 2014 ကို မတ်လ ၂၁ ရက်နေ့ မှ ၂၃ ရက်နေ့ အထိ ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါပြပွဲတွင် IT Company နှင့် Computer အရောင်းဆိုင်များမှ NoteBook , Desktop နှင့် အခြား IT ပစ္စည်းများစွာကို အထူးဈေးနှုန်းများဖြင့်
ရောင်းချပေးသွားမည်ဖြစ်ပါသည်။

Special Promotion အနေဖြင့် ၀ယ်ယူသူ Customer များအတွက် မေတ္တာလက်ဆောင်ပစ္စည်း များ ၊ ၀ယ်ယူသည့် ပစ္စည်းအလိုက် Cash Back ပြန်လည်
ပေးအပ်ခြင်း ၊ Welcome Festival Lucky Draw ထပ်မံ ကံစမ်းနိုင်ခြင်း  စသည့် အထူးအခွင့်အရေး များစွာ ရရှိနိုင်မည် ဖြစ်သည်။

Mobile အရောင်းဆိုင်များမှ လည်း Mobile Brand အမျိုးအစားစုံလင်စွာ ပါဝင်ပြသ ရောင်းချသွားမည်ဖြစ်ပါသည်။ ထို့အပြင် ၀ယ်ယူသူ Customer
များအတွက် မေတ္တာလက်ဆောင်ပစ္စည်း များ၊ Special Discount များအပြင် အထူးကံစမ်းမဲ အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပါသည်။

IT ပစ္စည်းများကို အမှတ်တံဆိပ်မျိုးစုံ မိတ်ဆက်ပြသရုံသာမက အထူးအခွင့်အရေး များစွာ ရရှိနိုင်မည်ဖြစ်သဖြင့် IT ပစ္စည်းဝယ်ယူရန် စိတ်ကူးရှိသူများ၊ နည်းပညာနယ်ပယ်ကို စိတ်ဝင်စားသူများ လာရောက် လေ့လာကြည့်ရှု သင့်သောပွဲတစ်ပွဲဖြစ်ပါသည်။ နည်းပညာနဲ့ ပတ်သတ်ပြီး ဈေးကွက်ရှာနေသူတွေအတွက်လည်း တစ်နေရာတည်းမှာရှာဖွေနိုင်မယ်။

ဒီလောက်ပြည့်စုံပြီး ပျော်ရွှင်စရာကောင်းတဲ့ပွဲကြီးကို သင်လက်လွတ်မခံသင့်ပါဘူး။

Share this: