PEACE MUSIC CONCERT 2013 MYANMAR

  • Business hours: :
    23 Sep 2013 6:00pm - 23 Sep 2013 10:00pm
  • Myoma Kyaung Street, Dagon Yangon

Description

The Biggest Orchestra Concert 2013 with only Peace Music & Peace Performance in Myanmar for World Peace Day.

0rganized by : Peace Music Group.

ချစ်ခင်လေးစားရပါသော ငြိမ်းချမ်းရေးလိုလားသူ ညီအစ်ကိုမောင်နှမများ ခင်ဗျား…. ကျွန်တော်တို့ PEACE MUSIC GROUP အနေဖြင့် လက်ရှိပြည်ထောင်စု၏ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် အခြေခံ၍ လူငယ်များဦးဆောင်မှုတို့ဖြင့် World Peace Day တွင် PEACE MUSIC CONCERT ကြီးကို ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ထိုပွဲတော်ကြီးကို PEACE MUSIC GROUP နှင့်အတူ လူငယ်အနုပညာရှင်များ၊ နယ်ပယ်အသီးသီးမှ အနုပညာရှင်၊ အတတ်ပညာရှင်များစွာ ပါဝင်ကူညီပြီး ပြည်သူတို့ရဲ့ ငြိမ်းချမ်းရေးဆာလောင်မှုများကို စုစည်းဖော်ပြသွားမည့် ပွဲတော်ကြီးတစ်ရပ်အဖြင့် ရှုမြင်ကြရမှာဖြစ်ပါတယ်။ ထိုပွဲတော်ကြီးမှ ရရှိမည့်အကျိုးအမြတ်များကိုလည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်များ တိုးတက်ရေးနှင့် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ပေးလှူသွားမည်ဖြစ်သည်။ မြန်မာလူငယ်များ၏ စည်းလုံးမှု၊ မြန်မာလူငယ်များ၏ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးမှုတို့ကို လူငယ်ထုအနေဖြင့် ပိုမိုပါဝင်လာကြဖို့ရန်လည်း လေးလေးနက်နက်တိုက်တွန်းလိုပါတယ်။ ဒီပွဲတော်ကြီးဟာ လူငယ်ထုကို ကိုယ်စားပြုပြီး လူငယ်များရဲ့ ငြိမ်းချမ်းရေးပွဲတော်တစ်ရပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ခြင်း၊ အောင်မြင်ခြင်း၊ ယုံကြည်ခြင်းတွေနဲ့ PEACE MUSIC CONCERT 2013 MYANMAR မှ ဖိတ်ခေါ်လိုက်ပါတယ်။

လက်မှတ်များကို 1876 -1-4
ကို တဆင့်ချင်းနှိပ်ခေါ်ပြီး ဝယ်
ယူနိုင်ပါပြီခင်ဗျား။

လင်းထက် PEACE MUSIC GROUP

Share this: