London School of Commerce ၏ ပညာရေး ဟောပြောပွဲ

  • Business hours: :
    26 Jul 2013 10:00am - 26 Jul 2013 12:00am
  • Self-Access Center၊ ဗြိတိသျှကောင်စီ စာကြည့်တိုက်, Strand Road, Kyauktada Yangon
  • +95-01-254658, 01-256290-1 Ext: 3311

Description

ဗြိတိသျှကောင်စီ၏ စီစဉ်မှုဖြင့် London School of Commerce ၏ Admissions Officer ဒေါ်သီရိမေမှ မြန်မာကျောင်းသားများအတွက် LSC မှပေးနိုင်သော ပညာရေးအခွင့်အလမ်းများနှင့် တက်ရောက်နိုင်သော ဘာသာရပ်များ၊ ကျောင်းဝင်ခွင့်စည်းမျဉ်းစည်းကမ်းများကို ပြောကြားမည့် ဟောပြောပွဲတစ်ရပ်ကို အောက်ပါအစီအစဉ်အတိုင်း စီစဉ်တင်ဆက်သွားမည်ဖြစ်ပါသည်။

 

LSC ၏ တရားဝင်ပြည်တွင်းကိုယ်စားလှယ် ဦးအောင်ကျော်ဆန်း၊ Crown Education မှလည်း LSC တွင် တက်ရောက်လိုသည့် ကျောင်းသားကျောင်းသူ များအတွက် ၎င်းမှပေးနိုင်သောအကြံဉာဏ်များ၊ ဝန်ဆောင်မှုများကိုလည်း ပြောကြားသွားမည်ဖြစ်ပါသည်။

 

ဟောပြောပွဲနေ့ရက် – ၂၆ ဇူလိုင် ၂၀၁၃ (သောကြာနေ့)

ဟောပြောပွဲအချိန် – နံနက် ၁၀း၀၀ နာရီမှ နေ့လည် ၁၂း၀၀ နာရီအထိ

ဟောပြောပွဲနေရာ – Self-Access Center၊ ဗြိတိသျှကောင်စီ စာကြည့်တိုက်၊ ၇၈ ကမ်းနားလမ်း၊ ရန်ကုန်

 

 

ဟောပြောပွဲတက်ရောက်လိုပါက  ဤ online registration form ကိုဖြည့်စွက်၍ဖြစ်စေ၊ ဒေါ်မြတ်လေးတင်၊့ Programme Officer (Education UK) ထံသို့ ၂၅၄၆၅၈၊ ၂၅၆၂၉၀-၁ လိုင်းခွဲ ၃၃၁၁ သို့ ဖုန်းဆက်၍ဖြစ်စေ၊ [email protected] သို့ အီးမေးပို့၍ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါသည်။

 

LSC ၏ ကျောင်းဝင်ခွင့်နှင့်ပတ်သက်၍ သိရှိလိုပါက [email protected] သို့အီးမေးဖြင့်ဆက်သွယ်နိုင်ပြီး LSC ၏တရားဝင် ဝက်ဆိုက် ဖြစ်သော www.lsclondon.co.uk တွင်လည်း အသေးစိတ်ကို ဖတ်ရှုလေ့လာနိုင်သည်။

 

LSC သည် UK တွင်သာမက အခြားနိုင်ငံများတွင်လည်း ကျောင်းပရဝဏ်များဖွင့်လှစ်ထားရှိ၍ နိုင်ငံပေါင်း ၁၃၀မှ ကျောင်းသားကျောင်းသူ ၇၀၀၀ ကျော် တက်ရောက်ပြီး နိုင်ငံအသီးသီး၏ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာများကိုပါ နှီးနှောဖလှယ်ခွင့် ရရှိမည်ဖြစ်သည်။ မြန်မာကျောင်းသားများအတွက် ကျောင်းလခတစိတ်တပိုင်းကို ပညာသင်ဆုအနေဖြင့် ပေးအပ်မည့် အခွင့်အလမ်းလည်းရှိပါသည်။

Share this: