APP Expo 2014 ပြပွဲ
- Business hours: :
8 Mar 2014 - 9 Mar 2014
-
MICT Park, Hlaing Yangon
Description
App Expo 2014 အား ၈ ရက်နေ့နှင့် ၉ ရက်နေ့များတွင် ပြုလုပ်သွားမည်
========================================
APP Expo 2014 ပြပွဲကို မတ်လ ၈ရက် (စနေနေ့) နှင့် မတ်လ၉ရက် (တနင်္ဂနွေနေ့) တွင် MICT Park တွင်ကျင်းပပြုလုပ်မည် ဖြစ်ပြီး Ooredoo နှင့် SQUAR တို့မှ အဓိကကူညီပံ့ပိုးပေးထားပါသည်။
နည်းပညာကုမ္ပဏီများနှင့် Developer များမှ App အသစ် များကို မိတ်ဆက်ပြသရုံသာမက မတ်လ ၈ရက် စနေနေ့တွင် အလုပ်ရုံဆွေးနွေးပွဲများပါ ကျင်းပမည်ဖြစ်သောကြောင့်
Application/Software Development ပိုင်းကို စိတ်ပါဝင်စားသူများ၊ နည်းပညာနယ်ပယ်ကို စိတ်ဝင်စားသူများ လာရောက် လေ့လာကြည့်ရှု ၀င်ရောက်ဆွေးနွေးသင့်သောပွဲတစ်ပွဲဖြစ်ပါသည်။ နည်းပညာနဲ့ ပတ်သတ်ပြီး ဈေးကွက်ရှာနေသူတွေအတွက်လည်း တစ်နေရာတည်းမှာရှာဖွေနိုင်မယ်။
ဒီလောက်ပြည့်စုံပြီး ပျော်ရွှင်စရာကောင်းတဲ့ပွဲကြီးကို သင်လက်လွတ်မခံသင့်ပါဘူး။
ှSQUARကုမ္ပဏီမှလည်း ပွဲအတွင်း ဂိမ်းများကျင်းပပေးကာ အနိုင်ရရှိသူများကို ဆုများချီးမြှင့်ပေးခြင်း၊ ပြပွဲလာရောက်သူများအား Gamesနှင့် Applications များအခမဲ့သွင်းပေးခြင်းများ
ပြုလုပ်မှာ ဖြစ်ပါတယ်။
အခု ကျင်းပပြုလုပ်တဲ့ App Expo ဟာ ဒုတိယအကြိမ်မြောက်ကျင်းပတာ ဖြစ်ပြီး ပြခန်းပေါင်း ၃၀ကျော်အထိပါရှိမှာ ဖြစ်ပါတယ်။
မတ်လ၈ရက် နေ့ App Expo တွင်ကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့် Topic များနှင့် အချိန်ဇယားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Workshop schedule/agenda:
10:00 – 11:00 Building wearable applications
11:00 – 12:00 Samsung Tech Institute app project
13:30 – 14:00 Technical chat – Cloud solutions
14:00 – 14:30 How to build a cross platform game in 48 hours
14:30 – 15:00 Technical chat – Gaming Engines
15:00 – 16:00 Designing a game: things to think about
Credit: TechSpace Journal