ဝင်ကြေးအခမဲ့ ကျင်းပမယ့် Sea Game Opening Activity Live Show

  • Business hours: :
    23 Aug 2013 5:00pm - 23 Aug 2013 11:30pm
  • Myoma Kyaung Street, Dagon Yangon

Description

ယဉ်ကျေးမှု ၀န်ကြီးဌာန မှ ကြီးမှူး၍ SEA Games Opening Activities Live Show (ပြိုင်ပွဲ) နှင့် ဟာသပြဇာတ် ကို လာမည့် သြဂုတ်လ ၂၃ ရက်နေ့ ည ၇ နာရီမှ ၁၁ နာရီအထိ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါပွဲတွင် ဇော်ဝင်းထွဋ် ( Emperor တေးဂီတအဖွဲ့ ) ၊ ထူးအယ်လင်း ၊ ဖြိုးကြိး ၊ ထွန်းထွန်း ၊ ရဲလေး ၊ စောခူဆဲ ၊ ဗညားဟန် ၊ ဖိုးသောကြာ ၊ ဟဲလေး ၊ ဒီယံ ၊ ဘန်နီဖြိုး ၊ ဝေလျံ ၊ မေခလာ ၊ စိုးစန္ဒာထွန်း ၊ ယုဇန ၊ သီရိဆွေ ၊ ချမ်းချမ်း ၊ နီနီခင်ဇော် ၊ နေနေ ၊ ပန်းအိဖြူ ၊ ပန်ဆုပြည့်ကျော် ၊ စိမ့်နေခြည် ၊ စိမ်းလဲ့လဲ့ ၊ ကျော့ကေခိုင် ၊ မေသက်ထားဆွေ နှင့် အဖွဲ့တို့က တေးဂီတဖြင့် ဖျော်ဖြေမည် ဖြစ်ပြီး နန်းဇေယျာခင်က အစီအစဉ် တင်ဆက်သူ အဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

 

၎င်းအပြင် ဒါရိုက်တာ မောင်သီ ၊ မြင့်မြတ် ၊ ဟိန်းဝေယံ ၊ သင်ဇာဝင့်ကျော် ၊ အိချောပို ၊ ခင်လှိုင် ၊ ဒိန်းဒေါင် ၊ ဧရာ ၊ ပေါ်လေး ၊ နောက်တိုး ၊ ချစ်ချော ၊ ပွမ်ပွမ် ၊ ဟားငါးယောက် နှင့် ဟာသ သရုပ်ဆောင် ပေါင်းများစွာ ပါဝင်မည် ဖြစ်သည်။ သြဂုတ်လ ၁၇ ရက်မှ စတင်၍ လက်မှတ်များကို M 150 အားဖြင့် အချိုရည် ပုလင်း Label အခွံ တစ်ခု သို့မဟုတ် Super Coffeemix အိတ်ခွံ ၃ ခု သို့မဟုတ် Yum Yum အိတ်ခွံ ၂ ခုတို့ဖြင့် ADMA Media ရုံးအမှတ်(၅၀) သမာဓိလမ်း ၊ မေတ္တာညွန့် ရပ်ကွက် ၊ တာမွေမြို့နယ် ၌ လဲလှယ်နိုင်ပြီး သြဂုတ်လ ၂၂ ရက်တွင် ဒေါ်ဝင်း အထည်ဆိုင် ( ယုဇန ပလာဇာ) ၌ လက်မှတ်များကို အခမဲ့ ထုတ်ယူ ကြည့်ရှု နိုင်ကြောင်း သိရှိရသည်။

Share this: