မြန်မာနိုင်ငံ၏ အကောင်းဆုံး အိမ်ရာအဆောက်အအုံနှင့် နေအိမ်သုံး ပစ္စည်းများ သီးသန့် စုစည်း ပြသရောင်းချမည့် HOUSING, BUILDING & HOME APPLIANCE EXPO

  • Business hours: :
    6 Mar 2014 9:00am - 9 Mar 2014 6:00pm
  • Tatmadaw Hall, U Wisara Road, Dagon Yangon
  • 01 656875, 0973014777

Description

မြန်မာနိုင်ငံ၏ အကောင်းဆုံး အိမ်ရာ၊ အဆောက်အုံနှင့် အိမ်သုံးကုန်ပစ္စည်း များအား စုစည်းပြရောင်းချမည့် HOUSING , BUILDING & HOME APPLIANCE EXPO ကုန်စည်ပြပွဲကြီးကို ၂၀၁၄ ခုနှစ် ၊ မတ်လ (၆) ရက်မှ (၉) ရက်နေ့အထိ ရန်ကုန် မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမကြီးတွင် အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါသည်။

ပြပွဲကြီးတွင် ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းရှင်များ ၊ ကုမ္ပဏီများမှ ပြခန်းပေါင်း (၁၇၀၀) ကျော်ဖြင့် နံနက် (၉) နာရီမှ ည(၆) နာရီအထိ ပြသရောင်းချသွားမည် ဖြစ်ပါသည်။

ပြပွဲကြီးတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ပြပွဲလာပြည်သူများအား နေ့စဉ် ကံစမ်းမဲ ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။ TV, DVD , ရေခဲ သေတ္တာ ၊ အ၀တ်လျှော်စက် ၊ မီးပူ ၊ ပန်ကာ ၊ ထမင်းပေါင်းအိုး နှင့် အခြား ဆုမဲပေါင်း(၁၀၀) ကျော်အား ဖွင့်လှစ် ပေးသွားမည် ဖြစ်ပါသည်။

ပြပွဲကြီးတွင် အိမ်ရာနှင့် ကွန်ဒို အရောင်းပြခန်းများ၊ အီလက်ထရောနစ်ပစ္စည်းများ ၊ လျှပ်စစ်ပစ္စည်းများ၊ ပရိဘောဂများ၊ ဂက်(စ်) မီးဖိုများ၊ အိမ်ဆောက်ပစ္စည်းများ၊ အိမ်အလှဆင်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ နေအိမ်သုံးလုံခြုံရေး ပစ္စည်းများ၊ ဆက်သွယ်ရေးသုံးပစ္စည်းများ ၊ ဓါတ်လှေကားများ နှင့် အခြားအိမ်သုံး လိုအပ်ချက်ပစ္စည်းများ အထူးလျော့ဈေးများ ၊ အပိုမေတ္တာလက်ဆောင်များ ၊ ကံစမ်းမဲများ ဖြင့် ပြသရောင်းချသွားမည်ဖြစ်ပါသည်။

ပြပွဲကြီးတွင် အိမ်ရာနှင့် ကွန်ဒို အခန်းများအား ၃၀% အထိ ၄င်း၊ အရစ်ကျငွေချေစနစ်ဖြင့်လည်းကောင်း၊ အီလက်ထရောနစ်ပစ္စည်းများအား ၄၀% အထိလည်းကောင်း၊ လျှပ်စ်ပစ္စည်းများအာ်း ၃၀% အထိလည်းကောင်း၊ အိမ်ဆောက်ပစ္စည်း နှင့် အိမ်အလှဆင်ပစ္စည်းများအား ၃၀% အထိ လည်းကောင်း ၊ အခြား ကုန်ပစ္စည်းများအား ၅၀% အထိ၎င်း အထူးဈေးနှုန်း ချိုသာစွာဖြင့် ပြသရောင်းချသွားမည် ဖြစ်ပါသည်။

ပြပွဲကြီးသို့ နေ့စဉ် လာရောက်ရုံဖြင့် တန်ဖိုးရှိ ဆုမဲကြီးများ နေ့စဉ် မဲပေါက်နိုင်သောကြောင့် မပျက်မကွက် လာရောက် လေ့လာ ၀ယ်ယူနိုင်ရန် ဖိတ်ခေါ် အပ်ပါသည်။

HOUSING , BUILDING & HOME APPLIANCE EXPO ကုန်စည်ပြပွဲကြီးတွင် ပြခန်းများ ပါဝင် ပြသရောင်းချလိုပါက ပြပွဲကျင်းပရေးကော်မတီ SMART GROUP ဖုန်း 01 656875, 0973014777 နံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။

Share this: