ယူကေမှနာမည်ကြီး a cappella အဖွဲ့ဖြစ်သည့် Black Voices မှ မြန်မာနိုင်ငံတွင်ဖျော်ဖြေမည်

  • Business hours: :
    20 Nov 2013 6:30pm - 20 Nov 2013
  • Strand Hotel, Strand Road, Kyauktada Yangon

Description

ဗြိတိသျှကောင်စီသည် အောင်မြင်ကျော်ကြားသည့် a cappella အဆိုရှင်အဖွဲ့ဖြစ်သည့် Black Voices အဖွဲ့အား မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ဖျော်ဖြေပေးရန်ဖိတ်ကြားထားပါသည်။ ဆယ်စုနှစ်နှစ်ခုကြာ အောင်မြင်စွာရပ်တည်လာခဲ့သည့် Black Voices အဖွဲ့သည် Ray Charles ၊ Nina Simone ၊ Wynton Marsalis နှင့် Take 6 တို့ကဲ့သို့သော ဂီတထိပ်သီးတို့နှင့်တွဲဖက်ဖျော်ဖြေခဲ့ဖူးပြီး သမ္မတဟောင်းနယ်လ်ဆင်မင်ဒဲလား နှင့် ဗြိတိန်တော်ဝင်မိသားစု အစရှိသည့် ထင်ရှားသူတို့အား ဖျော်ဖြေခဲ့ဖူးသည်။

 

၎င်းတို့၏ စွဲမက်ဖွယ်တင်ဆက်မှုနှင့် သူမတူသည့် တူရိယာမပါဘဲ ‘အသံအား’ သက်သက်သာသုံး၍ သီဆိုဖျော်ဖြေသည့် a cappella ပုံစံသီဆိုဟန်တို့သည် အာဖရိကန် ကာရစ်ဘီယန် ရိုးရာ၊ အင်္ဂလိပ်ကျေးလက်ဂီတ၊ jazz ၊ gospel ၊ pop ၊ reggae သီချင်းပုံစံများစွာအား အာဖရိက၊ ကာရစ်ဘီယန်၊ ဗြိတိသျှအမွေအနှစ်တို့ဖြင့် ကြွယ်ဝစွာထုံမွှမ်းချယ်မှုန်းထားကာ ကျားမ၊ လူမျိုး၊ အသက်အရွယ်၊ ဘာသာအယူတို့၏နယ်နိမိတ်ကို ကျော်လွန်ပျံ့နှံ့သွားသည်။ ၄င်းတို့၏ လူထုဖျော်ဖြေပွဲသည် နိုဝင်ဘာလ ၂၀ ရက်၊ ညနေ ၆ နာရီခွဲတွင် Strand Hotel ၌ မြန်မာနိုင်ငံရှိ ဂီတမြတ်နိုးသူပရိတ်သတ်အတွက် အခမဲ့ တင်ဆက်မည်ဖြစ်သည်။ အဆိုပါပွဲတွင် ရန်ကုန်မြို့ရှိ “ဂီတမိတ်” ဂီတကျောင်း မှလည်း ပါဝင်တွဲဖက် တင်ဆက်မည်ဖြစ်သည်။

 

စိတ်ပါဝင်စားသူတိုင်း ကြွရောက်နားဆင်နိုင်ပါသည်။

Share this: