ဘောလုံးပွဲရှုံးကြွေးတွေကြောင့် တရုတ်ကောလိပ် ကျောင်သားတဦး (၇)ထပ်တိုက်ပေါ်ကနေခုန်ချသေဆုံး

တရုတ်နိုင်ငံတောင်ပိုင်းဂွမ်ဒေါင်းပြည်နယ်ကဒုတိယနှစ် ကောလိပ်ကျောင်းသားတယောက်ဟာဘောလုံးပွဲရှုံးကြွေးတွေကြောင့် ၇ထပ်တိုက်ပေါ်ကနေ ခုန်ချသေဆုံးခဲ့ပါတယ်။

လင်းလို့ အမည်ရတဲ့ အဲဒီကျောင်းသားဟာပိုက်ဆံပြန်ဆပ်ပါ့မယ်။ အတင်းအကြပ် မတောင်းပါနဲ့ စသဖြင့် တယ်လီဖုန်းကို ဆယ်မိနစ်လောက် ကြာအောင် ပြောပီး ချက်ချင်းပဲထရပ်လိုက်ပီး ခုန်ချလိုက်တဲ့ အကြောင်းမျက်မြင်တွေကပြောပါတယ်။

အဲဒီကျောင်းသားဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေအတွင်း ဆက်တိုက်ဘောလုံးပွဲလောင်းကြေးရှုံးခဲ့တာတွေ ရှိတဲ့အကြောင်းနဲ့ ဒေါ်လာ၃ထောင်ကျော် ရှုံးထားပြီးအတိုးများများနဲ့ အကြွေးတွေ ပါတ်လည်ဝိုင်းနေတယ်လို့ နောက်ထပ် ကျောင်းခန်းဖေါ် သူငယ်ချင်းတယောက်ကပြောပါတယ်။

တရုတ်အစိုးရပိုင် ကမ္ဘာ့ဖလားနဲ့ ဆက်စပ်တဲ့ထီရောင်းချမှုဟာ ပြီးခဲ့တဲ့ စနေနေ့ကတော့ ယွမ် သန်းပေါင်း ၄ထောင်။ အမေရိကန်ဒေါ်လာ သန်း ၆00 ကျော် အထိရောက်ခဲ့ပြီးလွန်ခဲ့တဲ့ ၂၀၁၀ကမ္ဘာ့ဖလားက ထီရောင်းကြေးထက် ၂ဆလောက်မြင့်တက်ခဲ့တယ်လို့ တရုတ်မီဒီယာတွေ မှာဖေါ်ပြထားပါတယ်။

Share this: