အမြီးပေါက်နေတဲ့အတွက် နတ်ဘုရားအဖြစ် ကိုးကွယ်ခံရတဲ့ အိန္ဒိယဆယ်ကျော်သက်

အိန္ဒိယဆယ်ကျော်သက် ကောင်လေးArshid Ali Khan ဟာဟိန္ဒူနတ်ဘုရားဟာနုမာန် ၀င်စားတဲ့သူတစ်ယောက်အဖြစ် ကိုးကွယ်တာကို ခံနေရပါတယ်။ အကြောင်းကတော့ သူ့ရဲ့ ၇ လက်မရှိတဲ့ အမြီးကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့် Arshidဟာလမ်းမလျှောက်နိုင်တဲ့အတွက် အဲဒီ့အမြီးကိုဖြတ်ပစ်ပြီး လမ်းလျှောက်နိုင်အောင် ကြိုးပမ်းဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။

‘ဘုရားသခင်က ကျွန်တော့်ကိုဒီအမြီးပေးခဲ့တာပါ။ ကျွန်တော် ဘုရားသခင်ဆီမှာဆုတောင်းပြီးတော့ လူတွေရဲ့ဆန္ဒတွေ ပြည့်ခဲ့လို့ ကျွန်တော့်ကိုကိုးကွယ်တာပါ’ လို့ Arshidကပြောပါတယ်။

‘ကျွန်တော် အမြီးရှိတာကောင်းတယ် ဆိုးတယ်လို့တော့ မခံစားရပါဘူး’ လို့ပြောပါတယ်။

Arshidရဲ့အိမ်ဟာအခုအခါမှာတော့ ဘုရားကျောင်းတစ်ခုအဖြစ်သို့ပြောင်းသွားပြီးကိုးကွယ်ဆည်းကပ်သူတွေကသူ့ရဲ့ကောင်းချီးပေးမှုကိုခံဖို့နဲ့ အဲဒီ့အမြီးကိုထိတွေ့ဖို့ လာရောက်ကြတာဖြစ်ပါတယ်။

တစ်ခါတစ်လေမှာတော့ Arshidတစ်ယောက် ကိုးကွယ်သူတွေအတွက် ကျောင်းနဲ့ သူ့သူငယ်ချင်းတွေနဲ့ဆော့ကစားဖို့အချိန်ကို မျှအောင်အသုံးချဖို့အတွက် ရုန်းကန်ရပါတယ်။

‘များသောအားဖြင့် ကြားရက်တွေမှာ ကျွန်တော်ကျောင်းသွားပါတယ်။ ဒါပေမယ့်ကျောင်းပိတ်ရက်တွေဖြစ်တဲ့ တနင်္ဂနွေနေ့မှာလူ ၂၀ ကနေ ၂၀ လောက်ကျွန်တော့်ကိုအိမ်မှာလာတွေ့ကြတယ်’ လို့ Arshidကပြောပါတယ်။

Share this: