ပါရာစီတမောဆေးနှင့် တွဲမသောက်သင့်သောအရာများ
ယခုတလော အင်တာနက်ပေါ်မှာ ပြန်နှံ့နေပြီး လူပြောများနေတဲ့ သတင်းတစ်ပုဒ်က စင်္ကာပူရောက် မြန်မာအချို့ ပါရာစီတမောဆေးသောက်အပြီး ရင်ပူလာလို့ဆိုကာ ရေခဲသေတ္တာထဲက ကုတ်အေးအေးလေး ကို မော့သောက်လိုက်ရာမှ ပါးစပ်မှာ အမြုပ်တစီစီထွက်လာလို့ ဆေးရုံအပို့ ကားပေါ်မှာတင် အသက်ဆုံးရှုံး သွားခဲ့ရတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ပါ။
အဲဒီသတင်းနှင့်ပတ်သက်ပြီး ပြောဆိုဝေဖန်နေကြတာလည်း လူပေါင်းများစွာက ထင်မြင်ချက်မျိုးစုံပါပဲ။ ဆရာဝန်တွေကအစ ကလေးငယ်တွေအဆုံး မတူညီတဲ့ ထင်မြင်ချက်တွေ အသီးသီးပေးကြပါတယ်။
တချို့က ဆေးကြောင့်၊ တချို့က ကုတ်ကြောင့်၊ တချို့က လူကြောင့်၊ ရာသီဥတုကြောင့်၊ မတည့်သည့် အစားအစာကြောင့် စသဖြင့် စုံနေအောင် ပြောဆိုထားကြပါတယ်။
ဘယ်အရာကြောင့်ဆိုတာ အတိအကျမသိရပေမယ့် လူတစ်ယောက်ရဲ့ အသက်ကတော့ ဆုံးရှုံးသွားခဲ့ရတာ အမှန်ပါ။ ကိုယ်တွေ့ဖြစ်ရပ်ကို လူအများလိုက်နာရှောင်ရှားနိုင်အောင် ပြန်လည်မျှဝေပေးတဲ့သူကို လည်း ကျေးဇူးတင်ရမှာပါ။
ဒါ့ကြောင့် ပါရာစီတမောနဲ့တွဲသောက်ရန်မသင့်သော အစားအသောက်အချို့ကို အများသိရှိရလေအောင် ထပ်မံမျှဝေလိုက်ပါတယ်။
- ပါရာစီတမောကို ကိုကာကိုလာ၊ ပက်ပစီ စတဲ့ ဂတ်စ်ပါတဲ့ အရာများ၊ အချဉ်ဓါတ်ပါတဲ့ အရာများနဲ့ တွဲမသောက်သင့်ပါဘူး။
- ပါရာစီတမောကို ကဖင်းဓါတ်ပါတဲ့ အစားအသောက်များနဲ့တွဲပြီး မသောက်သင့်ပါဘူး။ တစ်နေ့ကို (၂)လုံးထက် ပိုသောက်မိလျှင် အန္တရာယ်ရှိပါတယ်။
- ပါရာစီတမောဟာ အရက်၊ ဘီယာတို့နဲ့လည်း မတည့်ပါဘူး။
- ပါရာစီတမောကို အခြားပါရာဆေးပါတဲ့ Decolgen တို့လိုဆေးနဲ့ တွဲမသောက်သင့်ပါဘူး။
- ပါရာစီတမောကို (၂၄) နာရီအတွင်း အများဆုံး (၈) လုံးထက် ပိုမသောက်သင့်ပါဘူး။ တခါသောက် ရင် အနည်းဆုံး (၄)နာရီခြားသင့်ပါတယ်။
- ပါရာစီတမောကို အခြား အချိုရည်၊ အချဉ်၊ စတဲ့ အထက်က ဖော်ပြခဲ့တာတွေနဲ့ ရော မသောက်သော် လည်းပဲ အလွန်အကျွံ (အလုံး ၂၀ ခန့်) သောက်မိလျှင် ကျောက်ကပ်နဲ့ အသည်း ပျက်စီး ပြီး သေတတ်ပါတယ်။
- ပါရာစီတမောတင်မကပဲ အကိုက်အခဲပျောက်ဆေးများနဲ့ အင်္ဂလိပ်ဆေးတော်တော်များများကို ဂက်စ်ပါတဲ့ အချိုရည်များ၊ အချဉ်ဓါတ်ပါတဲ့ အရာများနဲ့ တွဲမသောက်သင့်ပါဘူး။ ရိုးရိုးရေနဲ့ သောက်ရင် အကောင်းဆုံးပါ။
ပါရာစီတမောနဲ့ ပတ်သက်ပြီး လေ့လာဖတ်မိသမျှကို ဇီဝိတဒါနအဖြစ် လူအများ သတိထားနိုင် ကြစေရန် ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါတယ်။ အခြားမည်သည့် ရည်ရွယ်ချက်မှ မရှိပါ။ ပို၍ တတ်သိ နားလည်သူများလည်း လိုအပ်မှုများ၊ မှားယွင်းမှုများ ရှိနေပါက ထပ်မံဖြည့်စွက်မျှဝေပေးနိုင်ပါတယ်။
အသက်ကို ဉာဏ်စောင့်ဆိုသလို ကိုယ့်အသက်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဆင်ခြင်ပြီး လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။