တပ်မတော်ခန်းမတွင် စည်ကားစွာကျင်းပမည့် မြန်မာ့ ပထမဦးဆုံးအကြိမ် Mobile & Tablet Fair

Jan 2 2014 No Comments

Outlab Biz Group မှ တာဝန်ယူပြီး ကျင်းပမည့် Mobile & Tablet Fair ကိုဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ဒီဇင်ဘာ ၇ရက်နေ့မှ ၉ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရပါတယ်။ ပွဲတော်တွင် နာမည်ကြီးဖုန်းတံဆိပ်များဖြစ်ကြတဲ့ Sony, Huawei, Samsung, HTC, LG, Sing Tech, JAS အပါအ၀င် တခြားနာမည်ကြီးဖုန်းတံဆိပ်တွေကလည်း သက်ဆိုင်ရာနေရာများမှာ Mobile နဲ့ Tablet များကိုခင်းကျင်းပြသပြီးရောင်းချသွားမယ်လို့ သိရပါတယ်။နောက် ပြီး နာမည်ကြီး လက်လီဖုန်းဆိုင်ကြီးတွေကလည်း ပါဝင်ပြသရောင်းချသွားမှာ ဖြစ်ပါတယ်။ Go There Myanmar,  Bagan Innovation, Putet စသည်တို့မှလည်း ၎င်းတို့ရဲ့ apps များကိုခင်းကျင်းပြသသွားမှာဖြစ်သလို Mobile Guide, Digital Life, Internet Journal, MRTV-4, Myanmar Mobile Money တို့မှလည်းဒီပွဲမှာ ပါဝင်ဆင်နွှဲသွားမှာဖြစ်ပါတယ်။

Special Chance အနေနဲ့ ပွဲတော်မှာ ပါဝင်တဲ့ လက်လီဖုန်းဆိုင်ကြီးများမှာ အရစ်ကျဝယ်ယူခွင့်ရရှိနိုင် မှာဖြစ်သလိုဖုန်းအလဲအလှယ်လုပ်လိုသူများအတွက် B2HD မှ ၀န်ဆောင်မှုပေးပေးမှာဖြစ်ပါတယ်။ ကျောင်းသားများအတွက် အထူးအခွင့်အရေးတစ်ရပ်အနေနဲ့ VIP Mobile Training Center နဲ့ Sputnik Mobile Training Center စတဲ့ Training Center များကို Special Discount များနဲ့ တစ်ခါတည်းအပ်နှံနိုင်မှာပဲဖြစ်ပါတယ်။နည်းပညာဆိုင်ရာစာအုပ်များသာမကသုတရသစာအုပ်များကို Myanmar Book Center မှ ခင်းကျင်းပြသသွားမယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်းပစ္စည်းများကိုလေ့လာကြည့်ရှုဝယ်ယူရင်း ဗဟုသုတရရှိစေနိုင်မည့် Technician များဆွေးနွေးနေသော Technical Talk Forum ကို ကြည့်ရှု နားထောင်နိုင်မှာပါ။ နောက်ပြီးထူးထူးခြားခြားဂီတဖျော်ဖြေမှုကိုလည်း Guitar နိုင်ဇော်( Lazy Club) အဖွဲ့မှ ဦးစီးတင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဒီတော့ အသေးစိတ်အချက်အလက်တွေကိုကိုယ်တိုင်မြည်းစမ်းခံစားရအောင် ဒီဇင်ဘာ ၇ရက်နေ့မှ ၉ရက်နေ့အထိ တပ်မတော်ခန်းမမှာကျင်းပမဲ့ 1st Mobile & Tablet Fair ကိုသွားပြီးလေ့လာကြရအောင်။

Share this: