ကျန်းမာရေးနဲ့ အလှအပအတွက် ဘက်စုံအသုံးဝင်သော ထမင်းရည်

Jun 17 2014 No Comments

ထမင်းချက်တဲ့အခါ ထမင်းပေါင်းအိုးတွေနဲ့သာချက်ကြတော့တဲ့ အခုခေတ်မှာထမင်းရည် လို့မေးလိုက်ရင် တော်တော်ရှာရမယ် ထင်ပါတယ်။ ထမင်းရည်ဟာဆန်ကိုချက်တဲ့အခါ ရေနည်းနည်းပိုထည့် လို့ ထမင်းကျက်ပြီး နူးနပ်အောင်မနှပ်ခင် ငှဲ့ထုတ်လို့ ရလာတဲ့ အရည်ကြည်လေးကိုခေါ်တာပါ။ ဒီလိုထမင်းရည်ရှားနေတဲ့ အချိန်မှာထမင်းရည်ကကျန်းမာရေးနဲ့ အလှအပတွေအတွက် ထိထိရောက်ရောက်ကူညီနိုင်တာကိုတွေ့ရပါတယ်။

ကျန်းမာရေးအတွက် ထမင်းရည် ပုံမှန်သောက်သင့်

ထမင်းရည် မှန်မှန်သောက်သုံး၍ အကျိုးများပါတယ်။ မကြာခဏဇာတ်ထိုး၊ ခေါင်းကိုက် သောရောဂါသည် တစ်လအတွင်း ယူပစ်သလိုပျောက်ကင်း သွားပါလိမ့်မယ်။ မျက်စိအားမကောင်းလို့ မျက်မှန် တပ်ရသူသည် တပ်လက်စမျက်မှန် ဒီဂရီလျော့သွား ပါလိမ့်မယ်။ တကယ်တော့ ဇာက်ထိုးခေါင်းကိုက်ခြင်းကို ထမင်းရည် က နေ့စဉ်နှင့်အမျှ တတိတိလျော့နည်းသွားအောင် အာဟာရဖြင့် ကုစားသွားတာပဲ ဖြစ်ပါတယ်။

ထမင်းရည်ကိုသောက်ပေးတဲ့ အလေ့အကျင့်ဟာအရင်တုန်းကရှိပေမယ့် အခုတော့ မလုပ်ကြတော့ ပါဘူး။ အမှန်တော့ ထမင်းရည် ဟာ အာဟာရပြည့်ဝ ပြီးကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ သူဟာမရှိမဖြစ် အမိုနိုအက်စစ် ရှစ်မျိုးပါဝင်တာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ် မှာတစ်သျှူးနဲ့ ကြွက်သား ပြန်လည် တည် ဆောက်ရာမှာအထောက်အပံ့ပေးပါတယ်။ နောက်ပြီးကာဗိုဟိုက်ဒရိတ်လည်းအများအပြားပါတာကြောင့် လိုအပ်တဲ့စွမ်းအင်ဖြစ်ပေါ်ဖို့ ကူညီပေးနိုင်ပါတယ်။ ဝမ်းလျှောတာကိုလည်းသက်သာစေတဲ့ အတွက် အစာအိမ်နဲ့ အူလမ်းကြောင်းရောင်ရမ်းလို့ ကုသတဲ့နေရာမှာအသုံးဝင်တယ် လို့ဆိုပါတယ်။ အယ်လ်ဇိုင်းမားရောဂါကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်အပူချိန်ကျစေတဲ့အပြင် ကင်ဆာကြောင့်ဖြစ်တဲ့ သွေးဖိအားတိုးတာတွေမှလည်းကာကွယ်ပေးနိုင်တယ်လို့ လေ့လာတွေ့ ရှိချက်တွေ အရသိရပါတယ်။

ဒါ့အပြင်ထမင်းရည်ဟာဟင်းတစ်ခွက်လို အသုံးဝင်ပါသေးတယ်ထမင်းရည်ပူပူမှာနံနံပင်နည်းနည်းနဲ့ ကြက်သွန်ပါးပါးလှီးထည့်၊ ကြက်သွန်ဖြူ ဆီချက်နည်းနည်းချက်ကာငံပြာရည်၊ ငရုတ်သီးကောင်းမှုန့်တို့ ထည့်ပြီးသောက်ကြည့်ပါကအရသာရှိသောဟင်းတစ်ခွက်ကို သုံးဆောင်နိုင်မှာ ပဲဖြစ်ပါတယ်။

အလှအပအတွက် ထမင်းရည်ကိုအကျိုးရှိရှိဘယ်လိုသုံးမလဲ

မိန်းကလေးများမျက်နှာကိုသန့်စင် ပြီးတဲ့အခါ အအေးခံထားတဲ့ ထမင်းရည်ကိုဂွမ်းစအနည်းငယ်နဲ့ တို့ပြီးမျက်နှာ ပြင်အနှံ့ပွတ်ပေးရင် ထမင်းရည်က Toner အဖြစ်ဆောင်ရွက်ပေးပြီးမျက်နှာကိုတင်းရင်းနေစေမှာပါ။ Inositol လို့ခေါ်တဲ့ ဗီတာမင်ဘီဓာတ်တစ်မျိုး ကြွယ်ဝတာကြောင့် အိုမင်းရင့်ရော်မှု ဖြစ်စဉ် ကို နှေးစေကာသွေးလည်ပတ်မှုကိုလည်းကောင်းစေပါတယ်။

မျက်နှာ ပေါ်မှာရှိတဲ့ ချွေးပေါက်တွေကိုကျဉ်းစေပြီးမျက်နှာကိုဝင်းပအောင်ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ရေဓာတ် ကိုထိန်းသိမ်းပေးနိုင်တဲ့ ဓာတ်၊ အင်တီအောက်ဆီဒင့်ဓာတ်၊ ခရမ်းလွန်ရောင်ခြည်ကိုစုပ်ယူ နိုင်တဲ့ဓာတ်တွေဟာသဘာဝအရကြေးနီဓာတ်ကိုစုပ်ယူပေးပြီးမျက်နှာပြင်မှာမယ်လနင်တွေ စုပုံနေတာနဲ့ အသက်ကြီးလို့ဖြစ်ပေါ် တတ်တဲ့ အနီကွက်တွေမှ ကာကွယ်ပေးပါတယ်။
ဒါ့အပြင် ဆံသားအတွက်ဆိုရင်လည်းခေါင်းလျှော်ပြီးတဲ့အခါ အေးနေတဲ့ ထမင်းရည် အနည်းငယ်ကိုဆံသားမှာလိမ်းပေးပြီးမိနစ်အနည်းငယ် ထားပါ။ နည်းနည်းကြာရင် ရေဆေးချလို့ရပါတယ်။ ထမင်းရည်မှာပါဝင်တဲ့ ပရိုတင်းဓာတ်ကဆံသားကိုဖြောင့်စင်းစေတဲ့ အပြင် ဆံလုံးကွဲ အက်နေ တာတွေကို ပါ ပြန်ပြည့်စေပါတယ်။ ရလဒ်ကတော့ ဆံသားဟာချောမွတ်ပြောင်လက်နေပြီးအိထွေးနေတာပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အသားအရည် အတွက်ဆိုရင် ထမင်းရည်မှာချောမွေ့နေတဲ့ သဘာဝရှိတာကြောင့် ခန္ဓာကိုယ်မှာအဖုအပိမ့် ထွက်တာနဲ့ ကျိန်းစပ်စပ် ဖြစ်နေတဲ့ ဒဏ်ရာတွေ၊ နာကျင်မှု ခံစားနေရတဲ့ အ ရေပြားနေရာတွေမှာသက်သာစေပါတယ်။

Brussels University လေ့လာတွေရှိချက်အရအရေပြားရောဂါရှိသူတွေနဲ့ နာတာရှည်အရေပြားရောင် ရမ်းသူတွေမှာတစ်နေ့ကိုပုံမှန် နှစ်ကြိမ် တစ်ဆယ့်ငါးမိနစ်ခန့် ထမင်းရည်နဲ့ ဆေးပေးတာဟာတိုးတက်မှု ၂၀ ရာခိုင်နှုန်းထိရှိလာတယ်လို့ ဆိုပါတယ်။

ပြုလုပ်နည်း

ပုံမှန်အားဖြင့် ဒီကနေ့ခေတ်မှာထမင်းရည်ရဖို့ တော်တော်မလွယ်တော့ပါဘူး။ ဒါကြောင့် ရုံးပိတ်ရက်ပဲဖြစ်ဖြစ် ပျိုမေတို့ အားလို့ ထမင်းချက်တဲ့အခါ ရေအနည်းငယ် ပိုထည့်ပြီးကျက်ပြီးလို့ နူးနပ်အောင် မနှပ်ခင် ငှဲ့ထုတ်လိုက်တဲ့ ထမင်းရည်ကြည်လေးကိုအဖုံးပါတဲ့ ကရားလေးထဲမှာထည့်ပါ။ ရေခဲသေတ္တာထဲမှာအအေးခံပြီးရင်တော့ ကိုယ်သုံးချင်တဲ့အချိန်တိုင်းအလွယ်တကူထုတ်သုံးလို့ရပါပြီ။

Share this: